မင်္ဂလာပါ AVM Software မှ ကြိုဆိုပါတယ်

လူကြီးမင်းတို့၏ ကုန်ပစ္စည်း စီးဆင်းမှုများကို မှတ်တမ်းတင်ရန်အလို့ငှာ ကျွန်ုပ်တို့နှင့်စတင်လိုက်ပါ။

Get Started

AVM-Software သည်အသုံးပြုသူများ လျှင်မြန်လွယ်ကူစေရန် ရည်ရွယ်ပါသည်။
AVM POS Software မှာပါဝင်တဲ့ ကုန်ပစ္စည်းများ Feature အကြောင်း AVM POS Software ရဲ့ ပထမဆုံး Feature ကတော့ ကုန်ပစ္စည်းကဏ္ဍ System လည်ပတ်ဖို့ ဒေတာတွေကို ဖြည့်သွင်းပေးရတဲ့ အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။
ဒီ Feature မှာ လုပ်ဆောင်ရမယ့် အပိုင်းလေး ခု ပါဝင်ပါတယ်။
တစ်ခုချင်းရဲ့ လုပ်ဆောင်ချက်နဲ့ ၊ လုပ်ငန်းအောင်မြင်ရေးအတွက် ဘယ်လိုအသုံးချရမလဲ ဆိုတာတွေကို
ပုံတစ်ပုံချင်းအောက်မှ ပြောထားပေးပါတယ်။

Introduction


Dashboard

AVM POS Software ရဲ့ အမိုက်စားလုပ်ဆောင်ချက်တွေကို စက္ကန့်ပိုင်းအတွင်း သိရှိနိုင်စေမယ့် AVM Dashboard အကြောင်း 💻
AVM POS Software ထဲကို စတင်ဝင်ရောက်လိုက်ပြီဆိုတာနဲ့ မြင်တွေ့ရမှာက AVM POS Dashboard ဖြစ်ပါတယ်။
AVM POS Dashboard ကို မြင်လိုက်တာနဲ့ လုပ်ငန်းရဲ့ ကို အခြေအနေကို ကွက်ကွင်းမြင်လိုက်ရသလို ရှင်းလင်းလွယ်ကူစွာဖန်တီးထားပါတယ်။

  • 1. Total Product
    လုပ်ငန်းတစ်ခုလုံးမှာ Instock ရှိနေတဲ့ စုစုပေါင်း Product အရည်အတွက်ကို သိရှိစေတယ်။ လုပ်ငန်းတစ်ခုလုံးကို အချက်အလက်အစုံအလင်နဲ့ ကွက်တိကျပြန်မြင်ရစေတယ်။
  • 2. Total Sale
    စုစုပေါင်းရောင်းအားကို အရည်အတွက်နဲ့တကွ သိရှိစေတယ်
  • 3. Total Income
    စုစုပေါင်းရောင်းအားကို ဝင်ငွေ (ငွေသား)နဲ့ တကွ သိရှိစေတယ်။
  • 4. Expense
    မီတာဘေလ်နဲ့ ခရီးသွားလာစားရိတ်ကဲ့သို့သော လုပ်ငန်းရဲ့ အခြား အထွေထွေကုန်ကျစားရိတ်တွေကို အချက်အလက်နဲ့အပိုအလိုမရှိသိရှိစေတယ်။
  • 5. Total Suppliers
    လုပ်ငန်းရဲ့ Vendor တွေကို စုစုပေါင်းအရည်အတွက်အပြင်၊ တစ်ဦးချင်းစီရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကဲ့သို့သော အရေးကြီးအချက်အလက်တွေနဲ့ တွဲလျှက်သိရှိစေတယ်။
  • 6. Total Customers
    လက်လီလက္ကား Customer များရဲ့ စုစုပေါင်းအရည်အတွက်နဲ့ လုပ်ငန်းအတွက် ပြန်လည်အသုံးချနိုင်တဲ့ တစ်ဦးချင်းစီရဲ့ အရေးကြီးအချက်အလက်တွေကို သိရှိစေတယ်။
  • 7. Weekly Sale Chart
    တစ်ပတ်တာရောင်းအားကို အလိုအလျှောက်တွက်ချက်ပေးတယ် ။ အပတ်စဉ်ရောင်းအားကို Graph နဲ့ တကွဖော်ပြပေးတဲ့ အတွက် အပတ်စဉ်ရောင်းအားတက်လာသလား ကျလာသလား သိရှိစေတယ်။ တက်လာတယ်ဆိုရင် ပိုပြီး ကောင်းမွန်အောင် ဘာတွေလုပ်ရမလဲ၊ ကျသွားတယ်ဆိုရင် ဘာတွေမှားယွင်းနေလည်း ပြုပြင်နိုင်တယ်။
  • 8. Best Seller 5 Product
    ရောင်းအားအကောင်းဆုံး Product ငါးမျိုးကို အလိုအလျှောက်ဖော်ပြပေးတဲ့ အတွက် ဘယ်ကုန်ပစ္စည်းတွေကို ပိုပြီးရင်းနှီးမြုတ်နှံရမလဲ ဆိုတာကို သိရှိစေတယ်။
  • 9. Low Stock Alert
    Stock ပြတ်ခါနီးကုန်ပစ္စည်းများအတွက် အချက်ပေးဖော်ပြပေးတဲ့အတွက် ကုန်ပစ္စည်းတစ်ခုခြင်းရဲ့ Stock ပြတ်ခြင်းကိုကာကွယ်နိုင်ပြီး Customers စိတ်ကျေနပ်မှုပိုမိုရရှိစေတယ်။
ဒီအချက်တွေက Manual ဆိုရင် အလွန်တရာတွက်ချက်ဖို့ ခက်ခဲလက်ဝင်တဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ အရေးကြီးအချက်အလက်တွေဖြစ်လို့ AVM Dashboard ကို မြင်လိုက်တာနဲ့ AVM POS Software က ဘာလုပ်ပေးနိုင်လည်းဆိုတာကို ရှင်းလင်းပြတ်သားစွာမြင်ရမှာဖြစ်ပါတယ်။


Category
ပထမဆုံးအနေနဲ့ မိမိတို့လုပ်ငန်းအတွင်းမှာရှိနေတဲ့
ကုန်ပစ္စည်းတွေကို Category အလိုက် ဖြည့်သွင်းပေးရတာဖြစ်ပါတယ်။

Unit
မှတ်သားချင်းက ကုန်ပစ္စည်းတွေကို မှတ်သားရလွယ်ကူစေတာမို့
ယူနစ်ကိုပါ တစ်ပါတည်း သတ်မှတ်ပေးရပါမယ်။
နောက် Unit သတ်မှတ်ပေးဖို့က POS Systemရဲ့ လိုအပ်ချက်လည်းဖြစ်ပါတယ်။
Add New Unit က တစ်ဆင့်ဖြည့်စွပ်နိုင်ပါတယ်။


ကုန်လက်ကျန်ပစ္စည်းစာရင်း
လုပ်ငန်းတစ်ခုလုံးရဲ့ ပစ္စည်းလက်ကျန်ကို သိရှိနိုင်ပါတယ်။
POS System အလုပ်လုပ်ဖို့ အရေးကြီးတဲ့ ကုတ်သတ်မှတ်ရန်ကဏ္ဍကလည်း
ဒီစာမျက်နှာမှာ ပါဝင်နေပါတယ်။



ကုန်ပစ္စည်းအဝင်မှတ်တမ်း
လုပ်ငန်းအတွင်းသို့ Supplier များထံမှ ဝင်ရောက်လာသော ကုန်ပစ္စည်းအမျိုးမျိုးကို
ဝယ်ဈေးအမျိုးမျိုး Payment Method အမျိုးမျိုးနှင့် (နှစ်အလိုက်/လအလိုက်) တစ်နေရာတည်းတွင်
စုစည်း၍မှတ်သားထားနိုင်သည်။

နမူနာစမ်းသပ်အသုံးပြုချင်သူများအတွက် AVM POS Software မှာပါတဲ့ အခြေခံ လုပ်ဆောင်ချက်တွေကို စမ်းသပ်အသုံးပြုနိုင်ဖို့ Demo Link ကို မျှဝေလိုက်ပါတယ်။ Software demo Password နေရာမှ Admin လို့ရိုက်ထည့်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Link ထဲရောက်သွားပြီဆိုတာနဲ့ မြင်တွေ့လာရမယ့် လုပ်ဆောင်ချက်တွေက ကိန်းသေမဟုတ်ပါဘူး။ လုပ်ငန်းအမျိုးအစားကို လိုက်လို့ နာမည်နဲ့ လုပ်ဆောင်ချက်တွေကို Customized ပြုလုပ်နိုင်ပါတယ်။ ကဏ္ဍတစ်ခုချင်းစီရဲ့ အသုံးဝင်ပုံတွေအကြောင်းကိုလည်း Details ကျကျ ပြောပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။ 💛
Sample Image 1
Feature 1

စျေးကွက်လိုအပ်ချက်များနှင့် သုံးစွဲသူများ၏ အကြံပြုချက်အပေါ်အခြေခံ၍ လုပ်ဆောင်ချက်အသစ်များကို ဒီဇိုင်းဆွဲပြီး အကောင်အထည်ဖော်ခြင်း။
ဆော့ဖ်ဝဲလ် ချွတ်ယွင်းချက်များနှင့် ပြဿနာများကို ခွဲခြားသတ်မှတ်ခြင်းနှင့် ဖြေရှင်းခြင်း။
စွမ်းဆောင်ရည်နှင့် လုံခြုံရေးကို မြှင့်တင်ရန် ဆော့ဖ်ဝဲကို ပုံမှန် အပ်ဒိတ်လုပ်ခြင်း။
ဖောက်သည်များအား နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ပြဿနာဖြေရှင်းရေး အကူအညီများ ပေးအပ်ခြင်း။

Sample Image 2
Feature 2

အရေးကြီးသောဒေတာကိုကာကွယ်ရန် ခိုင်မာသောလုံခြုံရေးပရိုတိုကောများကို အကောင်အထည်ဖော်ခြင်း။
များပြားလာသော အလုပ် သို့မဟုတ် အရောင်းအ၀ယ်များကို ကိုင်တွယ်ရန် စနစ်ကို ဒီဇိုင်းဆွဲခြင်း။
မြန်နှုန်းနှင့် ထိရောက်မှုတို့အတွက် စနစ်ကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း။
Third-party ပေါင်းစည်းခြင်းအတွက် ပြည့်စုံသော API စာရွက်စာတမ်းများကို ပံ့ပိုးပေးခြင်း။
တုံ့ပြန်ချက်နှင့် ပံ့ပိုးမှုများအတွက် ဖောက်သည်များနှင့် ပွင့်လင်းသော ဆက်သွယ်ရေးလိုင်းများကို ထိန်းသိမ်းခြင်း။

Sample Image 3
Feature 3

Client Training : POS အက်ပ်ကို သုံးစွဲသူများအား ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လေ့ကျင့်ရေးအစီအစဉ်များနှင့် ပစ္စည်းများ ကမ်းလှမ်းခြင်း။
Help Desk : ပြဿနာများ သို့မဟုတ် မေးခွန်းများရှိပါက သုံးစွဲသူများအား အကူအညီပေးရန် အကူအညီစားပွဲကို တည်ဆောက်ခြင်း။
Research : စက်မှုလုပ်ငန်းဆိုင်ရာ ခေတ်ရေစီးကြောင်းနှင့် နည်းပညာများကို မှီနေစေရန် သုတေသနပြုခြင်း။

Pricing Plans

Contact Us

Ⓒ🅐🅛🅛 : +959421114445